ကွမ်းခြံကုန်း ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့က မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ကွမ်းခြံကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် သူနာပြုအဆင့်(၁) ဆရာမ ဒေါ်ခင်စန္ဒာလှိုင်မှ ဦးဆောင်၍ ကျေးရွာ /ရပ်ကွက် သားဖွားဆရာမများက ကျေးရွာ/ရပ်ကွက်အလိုက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေး ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်းအဆုတ်ရောင် (PVC) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင် ရောဂါ၊ အသည်းရောင်အသား အဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမှေး ရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။