ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇူလိုင် ၅
 
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာမှကြီးမှုးကျင်းပသည့် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြစ်ကြီးနား မြို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ(ကိုယ်စား) အတွင်းရေးမှူး ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက အမျိုးသမီးများ၏ အသက်မွေးဝမ်း ကျောင်းမှုလုပ်ငန်း စဉ်၊ ပညာရေးလေ့ကျင့်သင်ကြားရေးလုပ်ငန်းစဉ်၊ ကျန်းမာရေး ကဏ္ဍမျာ၊ အရေးပေါ် အခြေအနေ ကဏ္ဍ၊ စီးပွားရေး ကဏ္ဍများ၊ ဆုံးဖြတ်ချက်ချ မှတ်ရေးလုပ်ငန်း၊ လူ့အခွင့်အရေး ကဏ္ဍ၊ မီဒီယာကဏ္ဍ၊ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ ကဏ္ဍနှင့် အမျိုးသမီး ငယ်ရွယ်များ ကဏ္ဍတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကဏ္ဍတွင် ဥပဒေရေးရာ တုန့်ပြုမှုများအပြင် နှစ်သိမ့်ဆွေးနွေးခြင်းနှင့် အခြားပညာ ပေးမှုများ ပြုလုပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် မိမိတို့ မြန်မာနိုင်ငံ သည် အမျိုးသမီးများ၏အရေးကို ကမ္ဘာနှင့် ရင်ပေါင်တန်းပြီး အခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များအား (Video Clip) များဖြင့် ပြသခဲ့ပြီး ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်အုန်းနွဲက ပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တင်ပြခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဦးသက်လှိုင်ထွန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များနှင့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယော်ဆောင်