သတင်းများ

ထန်းတပင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 05,2021
ကိုဗစ်-၁၉ ကူးစက်ရောဂါ ​​​ပြန်လည်မြင့်မားလာမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ​မြောက်ဥက္ကလာပမြို့နယ်အထွေ​ထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်၊၊
ရေဖြူ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 05,2021
သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ မိုးရာသီ ကာလ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက ရေဖြူမြို့၊ (က)ရပ်ကွက် ဘုရား နှစ်ဆူတောင်ခြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကောလင်းမြို့တွင် ရေစိမ်ခေါက်ဆွဲအား အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ပြုလုပ် ရောင်းချ
Jul 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ရှိ ရေစိမ်ခေါက်ဆွဲစက်ရုံ(၁၀)ခုမှ  ထွက်ရှိသော ရေစိမ်ခေါက်ဆွဲများကို မိမိတို့ကိုယ်ပိုင်တံဆိပ် အမျိုးမျိုးဖြင့် အများအပြား ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ရေစိမ်ခေါက်ဆွဲကို ကောလင်းဒေသထွက် စောရှုပ်ဆန်ကို အသုံးပြု၍အဓိကထား ထုတ်လုပ်လျက်ရှိကြသည်။ 
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိ 
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (54) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
သရက်မြို့ရှိ စားသောက်ဆိုင်များတွင် ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Jul 05,2021
မကွေးတိုင်းဒေသကြီး သရက်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်(Take away) ဖြင့် ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်းကို သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့သည်။
မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ 
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  မြို့သစ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းအဝေးခန်းမ၌ ကျင်းပသည်။ 
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ပိုးတွေ့လူနာ လေးဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်၊ နယ်မြေ (၃)တွင် နေထိုင်သော အမျိုးသားလေးဦးတွင် ဇူလိုင်လ  ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း နမ္မတူမြို့ နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။