Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ဟိုပန်မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှကာကွယ်ရန် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 07,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဟိုပန်မြို့မဈေး၌ စည်ပင်သာယာရေးဦးစီးဌာနနှင့် ဓမ္မစကူးပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ (၄)နာရီအချိန် က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ အားကာမှူးရုံး/အိမ်ယာ ဆောက်လုပ်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး
Jul 07,2021
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အမှတ်(၂)၊ မြောက်ခတ္တရာ ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ အားကာမှူးရုံး/အိမ်ယာ RCC(၁)ထပ်၊ (၂)ခန်းတွဲ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၅၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ညဈေးတန်းများအားလုံး ယာယီပိတ်မည်
Jul 07,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ညဈေးတန်းများ အားလုံးကို Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ညဈေးရောင်းချခြင်းကို ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် ညောင်ပင်အိုင့်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 07,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ပိုင်းက ကျွန်းချောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စုရပ်ပြု၍ ညောင်ပင်အိုင့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၈၂ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ Positive လူနာတစ်ဦးတွေ့ရှိ
Jul 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ယမန်နေ့ က အမှတ်(၂)ရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေသည် ယခုလအတွင်း စိုးရိမ်ရေမှတ်အထက်သို့ (၁)ကြိမ်ခန့် ရောက်ရှိနိုင်
Jul 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေသည် ဇူလိုင်လအတွင်း မြို့၏စိုးရိမ်ရေ မှတ်အထက်သို့ (၁)ကြိမ်ခန့်ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည် တော်ရုံးချုပ်မှ ထုတ်ပြန်ထားရှိကြောင်း ဖောင်းပြင်မြို့နယ်၊ မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်း၊ စခန်းမှူး ဦးထွန်းတင်ထွေးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းများ လှူဒါန်းပြီး မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်း ချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးစစ်ဆေး
Jul 07,2021
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၅လမ်းနှင့်မြဝတီမင်းကြီးလမ်းထောင့်တွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28076
Page
28077
Page
28078
Page
28079
Current page
28080
Page
28081
Page
28082
Page
28083
Page
28084
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department