ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်း ချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးစစ်ဆေး

ပြည်ကြီးတံခွန် ဇူလိုင် ၇
 
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၅လမ်းနှင့်မြဝတီမင်းကြီးလမ်းထောင့်တွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေး စည်းကမ်းချက် များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်သည်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ၁.၇.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၂၇၀/၂၀၂၁ ဖြင့် Stay at Home တကြော့ပြန်သတ်မှတ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း ရပ်ကွက်အလိုက် Stay at Home အမိန့်ပါ ညွှန်ကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။