စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ အားကာမှူးရုံး/အိမ်ယာ ဆောက်လုပ်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

စေတုတ္တရာ ဇူလိုင် ၇

 

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အမှတ်(၂)၊ မြောက်ခတ္တရာ ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ အားကာမှူးရုံး/အိမ်ယာ RCC(၁)ထပ်၊ (၂)ခန်းတွဲ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၅၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

 

ထိုသို့တည်ဆောက်လျက်ရှိသော အားကာမှူးရုံး/အိမ်ယာမှာအလျား၄၀ပေ၊အနံ၃၄ပေ နှင့်အမြင့်၁၂ပေဖြစ်ပြီး ပြည်ထောင်စုငွေရင်းငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၇ဒသမ၃၀သန်းဖြင့် ထူးသိဒ္ဓိဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စေတုတ္တရာမြို့ အားကာမှူးရုံး/အိမ်ယာ တည်ဆောက်ခြင်းအား စံချိန် စံညွှန်းများ နှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အရည်အသွေးစစ်ကော်မတီနှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ဆောက်လုပ်လျက်ရှိ ကြောင်း ထူးသိဒ္ဓိဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မျိုးသူ ထံမှ သိရသည်။

 

ပေါက်ပေါက်