တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ညဈေးတန်းများအားလုံး ယာယီပိတ်မည်

တာချီလိတ် ဇူလိုင် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ညဈေးတန်းများ အားလုံးကို Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ညဈေးရောင်းချခြင်းကို ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ညဈေးတန်းများဖြစ်သော ရှမ်းရိုးမကွင်းရှေ့၊ ချစ်ကြည်ရေးတံတား ၂ လမ်းဆုံနှင့် အခြားသောနေရာများ အားလုံးကို ၇-၇-၂၀၂၁ ရက်နေ့မှ ၂၀-၇-၂၀၂၁ ရက်နေ့ထိ ၁၄ ရက်ကြာ ဈေးရောင်းချခွင့်ကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ညဈေးတန်းများ ယာယီပိတ်သိမ်းခြင်းကို ခရိုင်နှင့်မြို့နယ် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ မြို့နယ်စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယာဆေး