ရေနံချောင်း ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ပိုင်းက ကျွန်းချောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စုရပ်ပြု၍ ညောင်ပင်အိုင့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၈၂ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် လိုအပ်သည့်အထောက်အထားများ တောင်းယူစစ်ဆေး ခြင်း ဖြည့်သွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ ပျောက်ဆုံးပျက်စီးမှု မရှိစေရေး နှင့် စနစ်တကျကိုင်တွယ်သုံးစွဲရန် အသိပညာပေးခြင်း၊ သွေးအမျိုးအစားစစ်ဆေးခြင်း၊ လိုင်စင်ဓာတ်ပုံရိုက်ကူးခြင်း များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးဦးဆန်းနိုင် ဦးဆောင်၍ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ အခမဲ့ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတာဝန်ရှိသူထံမှ သိရသည်။
စိုးသူအောင်