ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေသည် ယခုလအတွင်း စိုးရိမ်ရေမှတ်အထက်သို့ (၁)ကြိမ်ခန့် ရောက်ရှိနိုင်

ဖောင်းပြင် ဇူလိုင် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေသည် ဇူလိုင်လအတွင်း မြို့၏စိုးရိမ်ရေ မှတ်အထက်သို့ (၁)ကြိမ်ခန့်ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည် တော်ရုံးချုပ်မှ ထုတ်ပြန်ထားရှိကြောင်း ဖောင်းပြင်မြို့နယ်၊ မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်း၊ စခန်းမှူး ဦးထွန်းတင်ထွေးထံမှ သိရသည်။

 

အလားတူ ချင်းတွင်းမြစ်ရေသည် ယခုလအတွင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များသို့ပင် စိုးရိမ်ရေမှတ် အ ထက်သို့ တစ်ကြိမ်ခန့်စီ အသီးသီးရောက်ရှိနိုင်ကြောင်း သိရသည်။

 

ဖောင်းပြင်မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၂၅စင်တီမီတာဖြစ်ရာ ယနေ့ ဇူလိုင်လ ၇ရက်နေ့တိုင်းထွာချက် အရ မြို့၏စိုးရိမ်ရေအမှတ်အောက် ( ၉၆၉ )စင်တီမီတာတွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေ မြင့်တက် လာပါက ပြည်သူများ ရေဘေးအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

 

ကိုထွန်း(ဖောင်းပြင်)