ဟိုပန် ဇူလိုင် ၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဟိုပန်မြို့မဈေး၌ စည်ပင်သာယာရေးဦးစီးဌာနနှင့် ဓမ္မစကူးပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ (၄)နာရီအချိန် က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်တို့မှ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ကူညီဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းကို ယနေ့ညနေ၌ ဟိုပန်မြို့မဈေးနှင့် ဈေးရပ်ကွက်၊ မန်ခွန်ရပ်ကွက်တို့တွင် ဆောင်ရွက်နိုင်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ကောင်းဟုန်းရပ်ကွက်နှင့် ကျန်ရပ်ကွက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် ဓမ္မစကူးပရဟိတအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)