မိုင်းယောင်း ဇူလိုင် ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ကော့ခွယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဝင်းအတွင်း၌ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အတွင်းရေးမှူး ရဲမှူးမျိုးမြင့်ဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးယျနှင့် ကုမ္ပဏီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အလျား ၂၈ ပေ၊ အနံ ၁၈ ပေရှိ အဆိုပါဝန်ထမ်းအိမ်ရာသစ်ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငြိမ်းချမ်းရေးနှင့် တည်ဆောက်ရေးလုပ်ငန်း(ငြိမ်း/တည်) ခွင့်ပြုရန်ပုံငွေ ၈ ဒသမ ၂ သန်းဖြင့် တိုင်းယောင်းကုမ္ပဏီက တာဝန်ယူတည်ဆောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း