ရမည်းသင်း ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မြို့နယ် အတွင်း ကူးစက် မှု ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေးကော်မတီ အစီစဉ်ဖြင့် နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မ ဈေးကြီးနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန်ဝေပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ Mask Campaignပြုလုပ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ တာဝန်ရှိသူများနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့မဈေးကြီးအတွင်း/ အပြင်နှင့် ရန်အောင်မြင်ဘုရားရှေ့တိုတွင့်အဖွဲ့ များခွဲ၍ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း mask များမဖြစ်မနေ တပ်ဆင်စေရေးအသိပညာပေးခြင်းနှင့် Mark(၃၀၀၀)ကိုအခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်