ချောင်းဆုံ ဇူလိုင် ၅
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကျေးလက်နေပြည်သူများအနေဖြင့် အိမ်တွင်းအသေးစား အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် မွန်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီ ယနေ့နံနက်၁၀နာရီကအဆိုပါရုံးခန်းမ တွင် အခြေခံအိတ်ချုပ်နည်းသင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ပြည်နယ်ဦးစီးဌာနမှူး ဒေါ်နွယ်နွယ်ဝါ က ပြည်တွင်းရိုးရာအထည်များကို ခေတ်မီသောဒီဇိုင်းများဖြင့် အမျိုးသမီးအသုံးအဆောင် အိတ်များ ဖန်တီးနိုင်ရန်၊ အမျိုးသမီးများအိတ်ချုပ်နည်းအတတ်ပညာဖြင့် ဝင်ငွေရှာဖွေပေးနိုင်ပြီး ကိုယ်ပိုင်လုပ်ငန်း ငယ်များပေါ်ထွန်း လာစေရန်ရည်ရွယ်ပြီး သင်တန်းပို့ချရခြင်းဖြစ်ကြောင်းပြောကြားပြီး မော်လမြိုင်ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်က ကိုဗစ်-၁၉ ကာလအတွင်း သင်တန်း ပို့ချရခြင်းဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့် အညီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ မြို့နယ် စီမံအုပ်ချုပ်ရေးမှူး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းတွင် ဖိုင်အိတ်ချုပ်နည်း၊ ဘေးလွယ်အိတ်ချုပ်နည်း၊ ဘော့ပင်အိတ်ချုပ်နည်း၊ မိတ်ကပ်ထည့်သည့် အိတ်ချုပ်နည်း၊ ပိုက်ဆံအိတ်ချုပ်နည်း စုစုပေါင်း အိတ်ချုပ်နည်း Pattern (၈)မျိုးအား ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် သင်တန်း ကာလဇူလိုင်(၅)ရက်မှ (၂၄)ရက်နေ့ထိ (၁၉)ရက်ကြာအခမဲ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကာ သင်တန်း သား၊ သင်တန်းသူ(၁၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)