တနိုင်း ဇူလိုင် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်း "ပန်းခင်း"စီမံချက် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက "ပန်းခင်း" စီမံချက်အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ကွင်းဆင်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ Volunteer များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များအား ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းပေးပြီး သက်ဆိုင်ရာဌာနဖြင့် ချိတ်ဆက်ကာ ပူးပေါင်းစိစစ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာများ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးလှမြင့်၊ အဖွဲ့ဝင်ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်လဝက ဦးစီးအရာရှိ ဦးဘုန်းကျော်၊ ဦးဇော်လွမ်းတူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)