ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၈၇ ဦးထပ်မံတွေ့ရှိပြီး ရောဂါပိုး တွေ့ရှိသူပေါင်း (၂၀၄)ဦးရှိ

ဟင်္သာတ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်၊ ကျေးရွာလူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT(Test Kit) ဖြင့် စစ်ဆေး ခြင်းတို့ကို ယမန်နေ့၌ ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၈၇)ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

(၂၈-၅-၂၀၂၁ ရက်နေ့မှ ယမန်နေ့ ညနေပိုင်းအထိ  ပိုးတွေ့လူနာ ကျား(၉၅)ဦး၊ မ(၁၀၉)ဦး စုစုပေါင်း (၂၀၄)ဦးရှိခဲ့ပြီး အသက်(၇၂)အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။ ကျန်းမာ၍ ဆေးရုံမှပြန်ဆင်းသူ ကျား(၁၄)ဦး၊ မ(၃၇)ဦး၊ စုစုပေါင်း (၅၁)ဦး ကျန်းမာလာခဲ့ပြီး ယမန်နေ့ ညနေအထိ ဆက်လက် ကုသနေဆဲ  လူနာ(၁၅၂)ဦး ကျန်ရှိပါသည်။

ယခုအခါ ကိုဗစ်-၁၉ Positive နှင့် ပတ်သက်သော လူနာများကို ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်းနှင့် မြို့တော်ခန်းမ၊ ဆယ်ထပ်ကြီး ဘုရားဝန်းရှိ သာသနာ့ ဗိမာန်တော်ကြီး တို့တွင် ယာယီဆေးရုံများအဖြစ် ဖွင့်လှစ်ကုသပေးနေပြီး Quarantine Center အဖြစ် ဘေးစီမံ သင်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားရှိကြောင်း လိုအပ်လာပါက ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီမံထားရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ကိုဇော် (ဟင်္သာတ)