မောင်တော ဇူလိုင် ၆
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ဇူလိုင်(၅)ရက်နေ့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မောင် တော မြို့နယ် သို့ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၅ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၅၄)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
အဆိုပါ ပိုးတွေ့ လူနာများအား သက်ဆိုင်ရာတပ်ဖွဲ့ခွဲများရှိ သီးသန့်ဆောင် နှင့် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တို့တွင် ကျန်းမာရေး စောင့် ရှောက်မှု ခံယူလျက်ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၂၃၃)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၈)ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ (၂)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တော မြို့၌ ဆေးကုသမှုခံ ယူနေသူ (၂၂၃) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရ သည်။
သက်လွင်စိုး