သတင်းများ

စစ်ကိုင်းမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Jul 22,2021

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအတွင်း ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျန်းမာရေး ဌာနများမှ ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

ရွှေကူမြို့နယ်တွင် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာထွက်ရှိမည့်စက်ရုံ တည်ဆောက် သွားမည်
Jul 22,2021

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန်အ တွက် အောက်ဆီဂျင် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာထွက်ရှိမည့်စက်ရုံ တည်ဆောက် သွားနိုင်ရေး အလှူငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးကြေညာ
Jul 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မချမ်းဘော့မြို့ပေါ်ရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင်ဆောင်ရွက်ခဲ့သည်။
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ ပြုလုပ်
Jul 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ကြစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များ အား မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံနေရာများတွင်  (Hand Speaker)ဖြင့် လှည့်လည် နှိုးဆော်ခြင်း များကို ဇူလိုင်(၂၁)ရက် နေ့ည (၈)နာရီအချိန်တွင် အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြသည်။
မြဝတီမြို့ရှိ ရပ်ကွက်များ၌ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Jul 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၊ ဈေးများနှင့် လူစည်းကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်ရှိ ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်မိုင်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့
Jul 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်မိုင်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော်နှင့် အလှူရှင်များက ယမန်နေ့က ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန်အချက်များ အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်
Jul 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာ ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၇)နာရီက ဌာနဆိုင်ရာ များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌     ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို   ယနေ့နံနက်(၈)နာရီက မြို့နယ်စည်ပင်သာယာရေး ဌာနရုံး ရှေ့တွင် ပြုလုပ်ခဲ့သည်။