သတင်းများ

ဟိုပန်မြို့၌ Quarantine Center များပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Jul 23,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည်  အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးမျိုးညွှန့် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးထွန်းထွန်းဝင်း (အတွင်းရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ အခြားဒေသမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ထားရှိမည့် Quarantine Centre များ ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
"ကျောက်တံတားမြို့နယ် ပြည်သူများအတွက် Oxygen အခမဲ့ဖြန့်ဝေရေးအစီအစဉ်"များ ဆောင်ရွက်
Jul 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး မြို့နယ် အောက်စီဂျင်ဖြန့်ဝေရေး အထောက်အကူပြုအဖွဲ့မှ ကျောက်တံတားမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဝေဒနာရှင်များအတွက် လိုအပ်သော အောက်စီဂျင်များကို အမှတ်(၄၀၇/၄၀၉)မဟာဗန္ဓုလမ်း၊ အမှတ်(၃) ရပ်ကွက်တွင် (အခမဲ့) ဖြန့်ဝေပေးမည်ဖြစ်​ကြောင်း သိရသည်။
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jul 23,2021
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19 ) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကျန်းမာရေးဆိုင်ရာ အသင်းအဖွဲ့များ တွေ့ဆုံ
Jul 23,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကျန်းမာရေးဆိုင်ရာအသင်းအဖွဲ့များ တွေ့ဆုံသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေနှင့် စားသောက်ဖွယ်များ ပေးအပ်လှူဒါန်း
Jul 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယမန် နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် Quarantine Center တစ်ခု ထပ်မံတိုးချဲ့ထားရှိနိုင်ရေး  ကွင်းဆင်းကြည့်ရှု
Jul 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများကို နေ့စဉ် ကြီးကြပ် ကန့်သတ်ထားရှိမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   Quarantine Center တစ်ခု  ထပ်မံ တိုးချဲ့ထားရှိနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီဝင်များက  ကွင်းဆင်း၍  တိုးချဲ့မည့်အဆောက်အဦးနေရာအား  စစ်ဆေးကြည့်ရှုခဲ့သည်။
သီပေါမြို့နယ်တွင် နေအိမ်ပြင်ပသွားလူသူများအား အပြင်သွားလာခွင့်ကတ်ပါ/မပါစစ်ဆေး
Jul 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၂၈၇/၂၀၂၁)ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
လဲချားတွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်း
Jul 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် ပေးအပ်လှူဒါန်းခဲ့သည်။