မိုင်းဖြတ်၌ သောက်သုံးရေလိုအပ်သည့် ကျေးရွာများသို့ သွားရောက်လှူဒါန်း
Mar 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှုးရုံးမှ ယမန်နေ့နံနက် ၉နာရီက သောက်သုံးရေအခက်အခဲဖြစ်သည့် ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ နှင့် ညနေ ၅နာရီက နမ့်လန်းကျေးရွာအုပ်စု ပါပူးကျေးရွာများသို့ သောက်သုံးရေများကို သွားရောက် လှူဒါန်းပေးခဲ့သည်။