မောင်တော ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်း နှစ်ချိန်ခွဲ၍ မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးဇော်ဇော်ဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး မျိုးကျော်နှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အသိပညာပေး နှိုးဆော်ပေးရာတွင် ယခုအခါ ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင် ၂၄ ရက်နေ့ထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူနေ့စဉ်များပြားလျက်ရှိပြီး သေဆုံးမှုများလည်းရှိနေပြီး မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ မိမိနေအိမ်တွင်သာနေထိုင်ရေး၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မထွက်ခွာပါရန် ၊ ဧည့်သည်များ လက်မခံကြရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း ၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကြရန် လိုအပ်ကြောင်း စသည့် အချက်(၁၁) ချက်ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံကြေငြာခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)