အုတ်တွင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းနှင့် Volunteer အဖွဲ့များအား ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ သီရိရတနာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များက ပေးအပ်ကာ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း နာယက ဆရာတော်ဦးတေဇသီရိမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများ ဖြစ်သည့်ထောက်ပံ့ငွေကျပ် (၃)သိန်း၊ ဓာတ်ဆီဂါလံ (၉၀)ဂါလံနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ဖြစ်သော 95 Mask(၁၀) ဖာ၊ နှာခေါင်းစည်း Mask (၂၀)ဖာ၊ PPE ဝတ်စုံဖြူ (၅၀)စုံ ၊ PPE ဝတ်စုံအပြာ (၁၅၀)စုံ၊ ခြေထောက်ကာဘာ (၅၀)ခု၊ Hand gel (၂၀)ဘူး၊ ခြေစွပ်(၃၀၀)ခု၊ Face Shield (၅၀)ခု တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခင်ခင်မာ