သတင်းများ

ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက် ဆောင်ရွက်
Aug 14,2021
ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆)ခုအား သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည့် ရေစင်ကြီးအား အသစ်ပြန်လည် တည်ဆောက်
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆)ခုအား သောက်သုံးရေဖြန့်ဝေပေးလျက်ရှိ သော ရေစင်ကြီးအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ သန်းကျော်ဖြင့် အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
တီးတိန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 14,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့၌ အသက်၆၅နှစ် အထက်ဘိုးဘွားများ ဦးစား‌ပေးကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာ ရေးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကွယ်‌ဆေး Sinopharm ဆက်လက်ထိုးနှံပေးသည်။ ကာကွယ် ဆေးထိုးရာတွင် သာသနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များလည်း ထိုးနှံပေးကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများ အတွက် စားသောက်ကုန်များထောက်ပံ့
Aug 14,2021
ကျေးလက်နေပြည်သူ တို့ကိုဗစ်- ၁၉ တတိယလှိုင်း ကာလမိသားစုဝင်ငွေလျော့နည်း နေချိန်၌ အထောက်အကူ ဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ ပုသိမ်ကျေးရွာနှင့်ကံလှကျေးရွာ အတွင်းရှိ အိမ်ထောင်စုစုပေါင်း( ၁၆၄)အိမ်အား အလှူရှင်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် အခြေခံ စားသောက်ကုန်များလှူဒါန်းခြင်းကို ယနေ့  နံနက်ပိုင်းက  အဆိုပါကျေးရွာများ၌ အိမ်တိုင်းရာရောက်လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးတွင် ပါဝင် ဆောင်ရွက်နေသော လူမှုရေးအသင်း အဖွဲ့များအား တွေ့ဆုံမေးမြန်းခြင်း
Aug 14,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လူမှုရေးအသင်းအဖွဲ့ဖြစ်သော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းတို့အား သွားရောက် တွေ့ဆုံ မေးမြန်း မှုကို ရေးသားလိုက်ပါသည်-
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Sinovac)ဆက်လက် ထိုးနှံပေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်ရုံအလုပ်ရုံလုပ်သားများ၊ စည်ပင်သာယာစျေးများမှ​စျေးရောင်း သူများနှင့်အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ဆက်လက် ထိုးနှံပေး လျက်ရှိ‌ကြောင်း သိရသည်။
တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်အသက်ရှုစက် လေးလုံးနှင့်အတူ ကျန်းမာရေး ဝန်ထမ်း ၁၀၀ဦးအတွက် ထိုင်းဘတ် ၃၂၀၀၀၀ တန်ဖိုးရှိ အခြေခံစားကုန်များ ငွေများထောက်ပံ့
Aug 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အသက်ရှုစက် လေးလုံး နှင့်အတူ ကျန်းမာရေး ဝန်ထမ်းများအတွက် ထိုင်းဘတ် ၃၂၀၀၀၀ တန်ဖိုးရှိအခြေခံစား သောက်ကုန်များ၊ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက  ပြည်သူ့ဆေးရုံ၌ ထောက်ပံ့လှူဒါန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မန်ဂျယ်ပြည်သူ့စစ်ဌာနေမှ ပန်ဆိုင်း (ကြူကုတ်)မြို့ပေါ်ရှိ အခြေခံလူတန်းစားများအတွက် ဆန်နှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း
Aug 14,2021
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်ရှိ အခြေခံလူတန်းစားများ အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချူပ် ကွပ်ကဲမှု့အောက်ရှိ ဌာနေမန်ဂျယ်ပြည်သူ့စစ်က ဆန်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီအချိန်က ရပ်ကွက်(၅)ရှိ တရုတ်စာသင်ကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။