သတင်းများ

ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီက စ၍ အုပ်စု (၄) ဖွဲ့ခွဲ၍ ထိုးနှံပေးလျက် ရှိသည်။
အမာမြို့၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို ရန်ကုန်မြို့၊ ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်းမှ လာရောက်၍ အောက်ဆီဂျင် အရည်များဖြည့်ပေး
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)မှ အောက်ဆီဂျင် အိုးကြီးများယူလာပြီး အမာမြို့ တန်ဖိုးရှိသောတွဲလက်များအဖွဲ့ပိုင် အောက်ဆီဂျင်အိုး အလွတ်များထဲသို့ အောက်စီဂျင်အရည်များဖြည့်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်၌ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် Oxygen Concentrator (၁၉) လုံးဖြင့် လူနာများ အောက်ဆီဂျင် လုံလောက်စွာရရှိ
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၁၃ ရက်နေ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ သံသယရှိသူ (၁၀၆) ဦးကို အခမဲ့စစ်ဆေးပေးခဲ့ရာ အတည်ပြုလူနာ (၂၅) ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနက သိရသည်။
ဒီပဲယင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက် (၅၉၅)ဧက စိုက်ပျိုးပြီးစီး
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ် လျာထားဧက (၁၄၂၀) ဧက လျာထားပြီး (၅၉၅) ဧကစိုက်ပျိုး ပြီးစီးကြောင်း ဒီပဲယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှသိရသည်။
တိုက်ကြီးမြို့နယ် မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးနေမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Aug 14,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာအုပ်စုရှိ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ်မြောက် ဆက်လက် ထုတ်ချေးပေး
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်သူ များနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေနိုင်ရန် ၊ ရရှိလာသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်မြောက်ဆက်လက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Aug 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ကကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် လေဘေးသင့် အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
မိုးနဲမြို့၌ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Aug 14,2021
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် အတွင်းရှိမသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဌာနမှ ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများ၏ နေအိမ် အရောက် သွားရောက်၍ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။