တွံတေး သြဂုတ် ၁၄
ကျေးလက်နေပြည်သူ တို့ကိုဗစ်- ၁၉ တတိယလှိုင်း ကာလမိသားစုဝင်ငွေလျော့နည်း နေချိန်၌ အထောက်အကူ ဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ ပုသိမ်ကျေးရွာနှင့်ကံလှကျေးရွာ အတွင်းရှိ အိမ်ထောင်စုစုပေါင်း( ၁၆၄)အိမ်အား အလှူရှင်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် အခြေခံ စားသောက်ကုန်များလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ အိမ်တိုင်းရာရောက်လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၊ စက်ဆန်းကျေးရွာမှအလှူရှင် ဦးတင်ကိုလတ်+ဒေါ်ခင်ဝင်းရွှေမိသားစုမှ လက်ပံဂွကျေးရွာ အုပ်စုအတွင်းရှိ ပုသိမ်ကျေးရွာမှ အခြေခံလူတန်းစား(၉၄)အိမ်နှင့်ကံလှကျေးရွာမှ အခြေခံလူတန်းစား(၇၀) အိမ်စုစုပေါင်း( ၁၆၄)အိမ်ကိုအခြေခံစားသောက်ကုန်များ လှူဒါန်းရာတွင်အိမ်ထောင် စု တစ်စုလျှင် ဆန်(၃)ပြည်၊ ၊ ကြက်သွန်နီ (၁)ပိသာ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၁၀၀၀၀၀)ကျပ်ဖိုး ကိုကျေးရွာအတွင်းရှိ အိမ်ထောင်စုများသို့ အိမ်တိုင်းရာ ရောက်လိုက်လံလှူဒါန်းပေးခဲ့သည့်အပြင် နှာခေါင်းစည်း Mask များကိုလည်း ထပ်မံလှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
လှူဒါန်းရာတွင်အိမ်ထောင်စုမိသားစုဝင်များက ဝမ်းမြောက်ဝမ်းသာ လာရောက် ယူဆောင်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ စနစ်တကျလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်း ပထမ၊ ဒုတိယ၊ တတိယကိုဗစ်- ၁၉လှိုင်းတွေ့မှာ ကျေးရွာအတွင်း ပြည်သူတွေ့ ကိုဗစ်- ၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် mask တပ်သည့် အလေ့အကျင့်ဖြစ်စေဖို့ mask တွေ့လှူဒါန်းပေးပြီး ကျေးလက် နေပြည်သူတွေ စားဝတ်နေရေးပြေလည် စေရန် အခြေခံစားသောက်ကုန်တွေလှူဒါန်း ပေးကာ တစ်ပတ် တစ်ခါ သီးစုံဟင်း၊ တို့စရာ၅မျိုးနဲ့ငပိရည်ကျိုပြီးသား တွေ့လှူဒါန်းပေးလျက်ရှိကြောင်း လည်း ကျေးရွာသား တစ်ဦးထံမှ သိရှိရသည်။