သတင်းများ

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဆေးများကို ဆက်လက် ထိုးနှံပေး
Aug 14,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက မြို့နယ် အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်၉ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာ လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊
မြောက်ဥက္ကလာပမြို့နယ် မယ်လမုသုံးထပ်ဓမ္မာရုံ၌ အခမဲ့ဖျားနာကုဆေးခန်း(Fever Clinic)ဖွင့်လှစ်မည်
Aug 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် Fever Clinic ဆေးခန်းကို (၂)ရပ်ကွက်၊ မယ်လမုဘုရားဝန်း သုံးထပ်ဓမ္မာရုံတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေများတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မအူပင်မြို့အတွင်းရှိ ဆိုင်များတွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလ တွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ မြေပြင်ကွင်းဆင်းကြပ်မတ်ကြည့်ရှုစျေးကွက် စောင့်ကြည့် ရေးအဖွဲ့မှ ယမန်နေ့ နံနက်၁၁နာရီခွဲအချိန်က မအူပင်မြို့အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေး နှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်
Aug 14,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လူစည်ကားရာနေရာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှု မရှိစေ ရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 14,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက် ခဲ့သည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်ထိုးနှံပေးသွားမည်
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၃) နေရာခွဲပြီး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံ နှိုးဆော်မှုအား အရှိန်အဟုန်မြင့်ဆောင်ရွက်
Aug 14,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်း ကားရာ နေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။