ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက် ဆောင်ရွက်

ရေတာရှည်  သြဂုတ် ၁၄

ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာ​ပေးတိုက်တွန်းနှိုး​ဆော်ရာတွင်  ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို  သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှု များကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

အေးဆု