သဲကုန်း သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်ရုံအလုပ်ရုံလုပ်သားများ၊ စည်ပင်သာယာစျေးများမှစျေးရောင်း သူများနှင့်အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinonac)ကို ယမန်နေ့က ကာကွယ်ဆေးထိုးစုရပ်အသီးသီးတွင် လာရောက် ထိုးနှံလျက်ရှိရာ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်း(၂၁)ဦး နှင့်စျေးရောင်းသူ(၁၂၉)ဦး၊ စုစုပေါင်း(၁၅၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် သြဂုတ်လ ၁၃ ရက်နေ့အထိ အသက်(၆၅) နှစ်နှင့်အထက်(၂၁၆၅)ဦး ၊အစိုးရ/ပုဂ္ဂလိကျန်းမာ ရေးဝန်ထမ်း(၅) ဦး၊ Volunteer (၂၉၀)ဦး၊ ဘုန်းတော်ကြီးနှင့် သီလရှင်(၁၃၅)ဦး ၊နိုင်ငံ့ဝန်ထမ်း (၄၁၇)ဦး ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၁)ဦး ၊ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၄၈၉)ဦး၊ အချုပ်သား(၁၈)ဦး ၊ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း(၁၉၆)ဦး၊ စျေးရောင်းသူ(၁၂၁၁)ဦး ၊စုစုပေါင်း(၄၉၁၈)ဦး အား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး နှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
နိုင်လင်း (မြို့နယ်ပြန်/ဆက်)