သတင်းများ

မိုးကုတ်မြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းခြင်းကြောင့် မြေပြိုကျကာ လူ(၄)ဦး သေဆုံး
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းကျောက်ဖြူရပ်တွင် မိုး အဆက်မပျက်ရွာသွန်းခြင်းကြောင့် ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်တွင် မြေသားအိကာအုတ်တံတိုင်း ပြိုကျ၍ နေအိမ်အိပ်ခန်းတွင် အိပ်ပျော်နေသော အမျိုးသမီး(၂)ဦး၊ကလေးငယ်(၁) ဦး၊ စုစုပေါင်း(၃)ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော မိုဦးသီးနှံများပျက်စီးသည့် စိုက်ဧက ၉၉၇ဧက အတွက် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော မိုဦးသီးနှံများ ပျက်စီးသည့် စိုက်ဧက ၉၉၇ ဧကအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ လူနာများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Aug 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)တွင် တက်ရောက် ကုသနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများအတွက် စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်နိုင်ရန် အောက်ဆီဂျင်စက်များ ရောက်ရှိ
Aug 14,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကိုဗစ်၁၉ရောဂါ ကူးစက်ခံရသူ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်နိုင်ရန်အတွက် အောက်ဆီဂျင်စက်ပစ္စည်းများ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ စက်ရုံတည်ဆောက်မည့် နေရာသို့ရောက်ရှိကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပင်လောင်းမြို့မဈေးနှင့် ငါးရက် တစ်စျေး ရောင်းချသည့် ကျေးလက်စျေးများအား (၁၈)ရက် ယာယီပိတ်ထားမည်
Aug 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရန်အတွက် မင်္ဂလာကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင် သာယာဈေးကြီးနှင့်ငါးရက်တစ်စျေး ရောင်းချသည့် ကျေးလက်စျေးများဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်းစျေး၊ထီယွန်းစျေးများအား ဩဂုတ်လ ၁၃ ရက်မှ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၏ ဩဂုတ်လ ၁၂ ရက် ရက်စွဲပါကြေငြာချက်အရ သိရှိရသည်။