သတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုအားပေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာယာဝတီ ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ သွား ရောက် ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် ဇီးကုန်း-ကံညီ ကို လယ်တွင်းလမ်း ကွန်ကရစ်ခင်းကျင်းမှုအားကြည့်ရှုစစ်ဆေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့နေ့လယ် ၁၂နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ လာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအာကာဖြိုးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကိုးသိန်းအားကစားပြိုင်ကွင်း တည်ဆောက်ရေးလုပ်ငန်းများစစ်ဆေးပြီး ပုသိမ်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု ကြည့်ရှုအားပေး
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်၈နာရီခွဲအချိန်က ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ကွင်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် (၉၄၀.၅)သန်း ဖြင့် Reva Co.,Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် မီတာ(၄၀၀) Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်းနှင့် မိုးလုံလေလုံအားကစားကွင်း ဆောက်လုပ်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် Oxygen Concentrator များနှင့် အောက်ဆီဂျင်အိုး များအား တိုင်းကျန်းမာရေးဦးစီးဌာနသို့ ဒုတိယအကြိမ်လွှဲပြောင်းပေးအပ်
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ Oxygen Concentrator အလုံး(၅၀)နှင့် အောက်ဆီဂျင် 40L အိုး အလုံး(၁၀၀)အား ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တာယောစိုက်ပျိုးရေးစပါးမျိုးစေ့ထုတ် မျိုးသန့်ခြံသို့ ကွင်းဆင်းကြည့်ရှု
Aug 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်း ထပ်အိမ်ဂူပရဟိတ ကျောင်းသို့သွား ရောက်ကာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ထောက်ပံ့ ငွေကျပ် (၁၉၁၄၇၅၀) များပေးအပ် လှူဒါန်းပေး ကြပြီး ထပ်အိမ်ဂူပရဟိတတိုက် အုပ်ဆရာတော် ဦးသုမင်္ဂလဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် Oxygen Plant တည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Aug 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် Oxygen Plant တည်ဆောက်နိုင်ရေး အတွက် တရုတ်နိုင်ငံမှ တစ်နာရီလျှင် 40 liter အိုး 9လုံး (24နာရီကို အိုးကြီး 200 ခန့်) ထွက်ရှိမည့် NZO-50 Oxygen Plant model အား U$55710 ဖြင့် ဝယ်ယူပြီးဖြစ်ပါကြောင်းနှင့် အမြန်ဆုံး တပ်ဆင် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက စစ်ဆေးကုသမှုခံယူနိုင်
Aug 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လက်ရှိ ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ ရောဂါ အခြေအနေများနှင့် မိမိတို့ကိုယ်တိုင် သော်လည်းကောင်း မိမိတို့ပတ်၀န်းကျင်ရှိ ပြည်သူများထံတွင်သော်လည်းကောင်း နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျှင် ဖြစ်စေ၊ အနံ့အရသာမရလျှင်ဖြစ်စေ၊ မိမိကိုယ်မိမိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်ဟု သံသယ ဖြစ်လျှင်ဖြစ်စေ အောက်ပါ နေရာများတွင် စစ်ဆေးနိုင်ကြရန် အသိပေး ကြေညာထားကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Aug 13,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။