သတင်းများ

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jun 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် အမျိုးသမီး ကော်မတီတို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jun 28,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် မေလ(၃)ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ နံနက်(၁၀)နာရီ၌ စက်မှုလက်မှု ရပ်ကွက်၊ မြမာလာလမ်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲကျင်းပ
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၊ ရွှေဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်  ကြံခင်းမြို့နယ် အားကစားခန်းမတွင်  ယနေ့နံနက် (၈)နာရီအချိန်၌  ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ဘော်လီဘော၊  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများဆောင်ရွက်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေး ရွာအနီး ရန်ကုန်-ပြည်ကားလမ်းမ‌ဘေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူစည်ကား​သောနေရာများ၌ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် အား/ကာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် ဝမ်တိန်းကျောင်းထိုင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပ
Jun 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်တိန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာနန္ဒ သက်တော် (၆၅)၊ ဝါတော် (၄၅)၏ အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုလ်ပွဲ အခမ်းအနားကို  ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရန် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Jun 28,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ် တားဆီးနိုင်ရေး အတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့အဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။