သဲကုန်း ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူစည်ကားသောနေရာများ၌ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် အား/ကာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များကို ဒေသခံပြည်သူ များနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုမြို့နယ် တပ်ဖွဲ့မှူး ဒေါ်တင်တင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ အား/ကာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သပြေတို့ အဖွဲ့သည် အထကကျောင်းဝင်းအတွင်း/အပြင်၊ မြို့မစျေးအနီးရှိ လဘက်ရည်ဆိုင်များနှင့် စျေးဆိုင်များ၊ မီးရထားဘူတာရုံ၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များသို့ Mask စနစ်တကျ တပ်ဆင်အသုံး ပြုပုံ အသိပညာပေးပိုစတာများ ကပ်ထားကြေငြာခြင်း၊ Mask ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
နိုင်လင်း