စဉ့်ကိုင် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် အမျိုးသမီး ကော်မတီတို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းသန်း က စာဖတ်ဝိုင်းများ ကျင်းပခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်း တိုးပွားခြင်း၊ စာပေဗဟုသုတများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ဦး၀င်းကြည် ဥက္ကဋ္ဌ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်တွင်ပါရှိသည့် အခန်းကဏ္ဍများ အကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာ ဦးအေးကို(၀င်းမောင်မောင် ပန်းလောင်လွင်ပြင်)က စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်မှ ကြီးပွားတိုးတက်သူတို့၏ ရည်မှန်းချက် အခန်းကဏ္ဍကို လည်းကောင်း၊ ဒေါ်ခင်စန်းအဖွဲ့၀င် (Woman Club)က ဗေဒင်နှင့် ဘ၀ရည်မှန်းချက်ချက် အခန်းကဏ္ဍနှင့် ရည်မှန်းချက်နှင့် ခေါင်းစဉ်လွဲချော်မသွားစေရေး အခန်းကဏ္ဍကို လည်းကောင်း၊ တက်ရောက်လာသော စာပေချစ်သူများ၊ စာပေဝါသနာရှင်များ ကလည်း စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ပါ အကြောင်းအရာများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညိုညို၀င်း(စဉ့်ကိုင်)