ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများဆောင်ရွက်

မင်းလှ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေး ရွာအနီး ရန်ကုန်-ပြည်ကားလမ်းမ‌ဘေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

စစ်ဆေးရေးဂိတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ် ဦး‌‌ဆောင်ကာ ဌာနဆိုင်ရာများ ပူး ပေါင်း၍ Stay at Home ထားရှိသော မြို့နယ်များမှ ပြန်လာသူများအား စိစစ်၍ Quarantine Center တွင် ထားရှိရန် ဆောင်ရွက်ခြင်း၊ လက်ပံတန်းမြို့နယ်မှ ဝင်ရောက်လာသူနှင့် ကုန်တင်ယာဉ်များကို ပြန်လည်စေလွှတ်ခြင်း၊ ကိုယ်အပူချိန် မြင့်မားသူများနှင့် ကိုဗစ်ရောဂါ လက္ခဏာပြသူများရှိပါက မင်းလှ ပြည်သူ့ဆေးရုံကို စေလွှတ်ခြင်း၊ နှာခေါင်းစည်း mask မတပ်ဆင်သူများကို ဒဏ်ငွေ(၅၀၀)ကျပ်နှင့် နှာခေါင်းစည်း(၅)ခုပေး၍ စနစ်တကျ တပ်ဆင်စေခြင်း စသည့်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်၍ သက်ဆိုင်ရာ တာဝန်ကျဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှုအဖွဲ့ အား ကြည်ဖြူစွာ လက်ခံခြင်းမပြုပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပေါက်စ