ကြံခင်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် အားကစားခန်းမတွင် ယနေ့နံနက် (၈)နာရီအချိန်၌ ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများမှ အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပါသည်။ ထိုနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌမှ မြို့နယ်ဘော်လီဘော ဆပ်ကော်မတီနှင့်. မြို့နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ကို အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်သူဇာလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်အားကစားဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အားကစားသမားများ တတ်ရောက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ယနေ့ဇွန်လ(၂၈)ရက်နေ့မှစတင်ကျင်းပမှာဖြစ်ရာ ဘော်လီဘော အသင်း (၄)သင်း၊ ပိုက်ကျော်ခြင်း အသင်း(၇)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အား ဇူလိုင်လ ( ၁ )ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)