သထုံမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၅)ခုတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သထုံ       ဒီဇင်ဘာ      ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ ပေးခြင်းတို့ကို ဒီဇင်ဘာလ ၁၇ ရက်‌နေ့က သထုံမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၅)ခု တို့၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း ခရိုင်ပြည်သူ့ဆေးရုံကြီးစုရပ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံစုပ်၊ မြို့နယ်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမစုရပ်၊ သုဝဏ္ဏဝတီမြို့၊ အထက(ကျိုက္ကော်) ရွှေရတုခန်း မစုရပ်နှင့် ကျုံပါကျေးရွာစုရပ် စုစုပေါင်း ဆေးထိုးစုရပ်(၅)ခုတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်း(Volunteer) များနှင့် တာဝန်ရှိသူ တို့က သတ်မှတ်အစီအစဉ်များ အတိုင်း စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များကလိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူပေါင်း ၁၄၀၀၀၀ ကျော်ရှိပြီး သိန်းကျော်ခန့်ရှိပြီး လက်ရှိ အချိန် အထိ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူပေါင်း ၇၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ခရိုင်ပြန်/ဆက်