ကိုဗစ်-၁၉ ရောဂါကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြို့ပင်ကောက် ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သောတက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် တက္ကသိုလ် တက်ရောက် ပညာသင်ယူကြမည့် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြစေရေရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြသ ဆောင်ရွက်ပြီး မြို့နယ်ခန်းမရှေ့တွင် မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်ဝင်းလေးနှင့် ဝန်ထမ်းများက တက္ကသိုလ်ကျောင်းသားကျောင်းသူများ သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ်တိတိ ထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ပိုမို တားဆီး ကာကွယ်နိုင်ကြောင်း အသိပညာပေး လက်ကမ်းစာစောင် ၁၀၀ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း