ကျောက်ဆည်မြို့တွင် လယ်ကြီးကျေးရွာအုပ်စု အနောက်ကွင်းအမှတ် (၂၈၄)ရှိ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်း

ကျောက်ဆည်  ဒီဇင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးအနောက်ကွင်း၊ ကွင်းအမှတ်(၂၈၄)၊ ဦးပိုင်အမှတ် (၃၇/၃)၊မြေကွက်အမှတ်(၄၅၀) တောင်သူ ဒေါ်လှလေး စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၀.၆၁) ဧကရှိ စံကွက်အရွယ်အစား(၀.၀၀၁)ဧကတွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်မောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး စံကွက်ရိတ်သိမ်းရာတွင် (၁)ဧက စပါး(အစို)တင်း (၁၁၀) တင်းထွက်ရှိ ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ (၂၀၂၁-၂၀၂၂)၊ ခုနှစ်တွင်  မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ဧရာမင်းစပါး (၁၈၄၈၃)ဧက၊ မနောသုခစပါး (၅၃၁၈)ဧကနှင့် ရွှေမနော်စပါး (၄၈၀)ဧက ရိတ်သိမ်းပြီးကြောင်းနှင့်စပါးတင်းပေါင်း၂၂၆၅၈၃၂)တင်းထွက်ရှိပြီးကြောင်း  သိရှိရသည်။

သက်မောင်(ကျောက်ဆည်)