သတင်းများ

မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာ(၁၄)ရွာ (၂၄)နာရီ လျှပ်စစ်ဓာတ်အားရရှိပြီး ကျေးရွာ ပြည်သူများမှ မြို့ပြနှင့်တန်းတူ လျှပ်စစ်မီးအသုံးပြုနိုင်ပြီ
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် (၁၁)ကေဗီဓာတ်အားလိုင်း၊ (၄၀၀)ဗို့ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ပြီးစီးခဲ့သည့် မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာ (၁၄)ရွာတွင်(၂၄)နာရီ လျှပ်စစ်ဓာတ်အားရရှိပြီး ကျေးရွာပြည်သူများမှ မြို့ပြနှင့် တန်းတူ လျှပ်စစ်မီးအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
တောင်ငူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစားလှုပ်ရှားမှုများ ဆောင်ရွက်
Dec 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက Fitness Dance သရုပ်ပြခြင်းအား Online မှတဆင့် တင်ဆက်ရန် အတွက်ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိသတ် ပြည်သူများနှင့်
မိုင်းလုံမြို့ မြေစိုက်နံရံကပ်ဘုတ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပြသ
Dec 19,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများကို ယမန်နေ့ နေ့လယ်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့၊ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေး ကော်မတီဥက္ကဋ္ဌ တက်ရောက်
Dec 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာအားကစားလ လူထု လမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦး‌ဆောင်၍ ယနေ့နံနက် ၅ နာရီခွဲက ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေး ဖျန်းပက်ဆောင်ရွက်
Dec 19,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပိုးသတ်ဆေးဖျန်းပက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျ ဈေးအတွင်း၌ ဆောင်ရွက်သည်။
ကျောက်မဲမြို့နယ်တွင် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ပထမအကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်
Dec 19,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှေ့တန်း အမှတ်( ၁၀၁ ) ခြေမြန် တပ်မဌာနချုပ်၊အမှတ် (  ၁၀၁၁  ) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှူးအဖွဲ့မှ ယာယီ နည်းဗျူ ဟာမှူး  ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင် ဦးဆောင်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင် နှင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ( ၁ )နာရီ အချိန်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုခဲ့ပါသည်။