ဟိုပုံး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာအားကစားလ လူထု လမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၅ နာရီခွဲက ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
လူထုလမ်းလျှောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင် လူငယ် မောင်မယ်များတို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမမှ စတင်ထွက်ခွာပြီး၊ ဟိုပုံး-လွိုင်လင် ပြည်ထောင်စု လမ်းမကြီးအတိုင်း၊ အလင်းပွင့်ဓါတ်ဆီဆိုင်အထိ၊ ထိုမှ စုရပ်ဖြစ်သည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမသို့ တစ်ပတ် စုပေါင်းလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်ကာယသွေးပူ လေ့ကျင့် ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)