သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး

သီပေါ ဒီဇင်ဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေး လျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စာကြည့်တိုက်လက်ထောက်-၃ က  ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လေးများ သဘာဝပတ်ဝန်းကျင်အား ချစ်ခင်မြတ်နိုးတတ် စေရန်နှင့် သစ်တော၊ သစ်ပင်များအား ကာကွယ် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် “ပတ်ဝန်းကျင်သာယာ စိတ်ချမ်းသာ” ကဗျာရွတ်ဆိုခြင်းအား  Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)