နမ္မတူ ဒီဇင်ဘာ ၁၉
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပိုးသတ်ဆေးဖျန်းပက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျ ဈေးအတွင်း၌ ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ဈေးရောင်းသူဝယ်သူများ စိတ်လုံခြုံဘေးကင်းစွာ ရောင်းဝယ်နိုင်ရေး ရည်ရွယ်၍ မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းရှိ လူသွားလမ်းများ၊ ဈေးရောင်းခုံများ၊ လက်ဆေးဘေစင်များ၊ မြို့မဈေးတံခါးပေါက်များ စသည်ဖြင့် အတွင်း/အပြင် နေရာအစုံ၌ ပိုးသတ်ဆေးဖျန်းပက် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)