မိုင်းလုံ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများကို ယမန်နေ့ နေ့လယ်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများနှင့် ဦးတည်ချက် (၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို ဗီနိုင်းပိုစတာများထုတ်ကာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မိုင်းလုံမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)