မိုင်းငေါ့မြို့တွင် ပထမအကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်

မိုင်းငေါ့  ဒီဇင်ဘာ  ၁၉

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှေ့တန်း အမှတ်( ၁၀၁ ) ခြေမြန် တပ်မဌာနချုပ်၊အမှတ် (  ၁၀၁၁  ) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှူးအဖွဲ့မှ ယာယီ နည်းဗျူ ဟာမှူး  ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင် ဦးဆောင်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင် နှင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ( ၁ )နာရီ အချိန်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုခဲ့ပါသည်။

အခမ်းနားတွင်  ရှေးတန်းအမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် ၊ အမှတ် (၁၀၁၁) နည်းဗျူဟာ  စစ်ဆင်ရေး ကွပ်ကဲမှူးအဖွဲ့မှ  ယာယီနည်းဗျူဟာမှူး  ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းအောင်က သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်  မန်လုံ၊ ဈေး၊ ပန်ဖဖါရပ်ကွက်တို့မှ အသက် (၇၀)နှစ် နှင့်အထက် အဖိုး၊ အဖွား (၂၈ )ဦးအား တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၈၀၀၀၀)ကျပ်၊ရွှေဖီဦး တစ်ဦးလျှင်(၁)ထုပ်နှုန်းဖြင့် စုစု ပေါင်း(၂၈)ထုပ်နှင့် အမွှေးခဲဆပ်ပြာ တစ်ဦးလျှင် (၁) ခဲနှုန်းဖြင့် စုစုပေါင်း (၂၈)ခဲ တာဝန်ရှိသူ အသီးသီးတို့မှ အဖိုးအဖွားများအား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

မြင့်သွယ် (ပြန်/ဆက်)