ရေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲများပြုလုပ်

ရေး ဒီဇင်ဘာ ၂၀

မွန်ပြည်နယ် ရေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲ များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် အခြေခံပညာကျောင်များမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား မြို့နယ်အမျိုး သမီးရေးရာဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးတို့မှ ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲ၀င် ကျောင်းသား/ကျောင်းသူများမှ လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာအုပ်/စာစောင်များကို လေ့လာ ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်