မတ္တရာ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် သုံးဆယ်ပေးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း များက သုံးဆယ်ပေးကျေးရွာမှ အသက် ၁၆ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ် မပြုလုပ်ရသေးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
မတ္တရာမြို့နယ်အတွင်း၌ မေလ ၃ ရက်နေ့မှစတင်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ၃ (က) ကျား ၂၅၁ ဦး၊ မ ၂၂၉ဦး၊ ၆(က) ကျား ၅၇၄ ဦး မ ၆၃၃ဦး၊ လဲလှယ် ကျား ၈၅ ဦး မ ၁၂၀ဦး၊ မိတ္တူ ၃၂၇ဦး မ၁၉၂ဦး၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၂၄၁၁) ခု နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၄၃၈) ခုတို့အား ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)