ဒဂုံအရှေ့ ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက လွတ်လပ်ရေး၏ တန်ဖိုးနှင့်လွတ်လပ်ရေးအား ထိန်းသိမ်းတတ်စေရန်၊ လူငယ်များ အစဉ်ထာဝရမမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရပ်ကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်း၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ လူငယ်များ သိသင့်သိထိုက်သော ဆောင်ပုဒ်များ၊ စကားစုများ၊ စာအုပ်စာစောင်များ ပြသထားပြီး ပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ