ကျောက်ဖြူမြို့ စေပုတ်ကေကျေးရွာတွင် လျှပ်စစ်မီးမိန်းခလုတ်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ကျောက်ဖြူ ဒီဇင်ဘာ  ၂၁

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်မီးသတ်စခန်းနှင့် ကုန်းလမ်း()မိုင် ခန့်ကွာဝေးသော ဂုံးချွိန်ကျေးရွာအုပ်စု၊ စေပုတ်ကေကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၅၀ အချိန်ခန့်က လျှပ်စစ်မီးမိန်းခလုတ်မှတစ်ဆင့် လူနေတန်းလျား ()လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်မာ့အလှကုမ္ပဏီပိုင်ခြံဝင်း၌ အစောင့်နေထိုင်သောလူနေတန်းလျားရှိ ဓါးမိန်းခလုတ် Loose ဖြစ်ရာမှ မိန်းခုံလောင်ကျွမ်းပြီး ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။

‌မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ဖြူခရိုင်/မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း လူနေတန်းလျား()လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)