ဒေးဒရဲမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေးဒရဲ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ရုံးရှေ့ မြေစိုက်ဘုတ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများ ကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် မသန်စွမ်းမှုဖြစ်ရခြင်း အကြောင်းအရင်းများ၊ မသန်စွမ်းမှု အမျိုးအစားများ၊ မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများ၏ အခြေခံ အခွင့်အရေးများ၊ မသန်စွမ်းသူများအတွက် ခွဲခြားမှုမရှိသော ပတ်ဝန်းကျင်နှင့် အဟန့်အတားကင်းသော ပတ်ဝန်းကျင် အခြေအ နေ အသိပညာပေး ဖော်ပြချက်များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ်ဆောင်ရွက်၍ ရနိုင်သော နည်းလမ်းများကို မှတ်တမ်းဓါတ်ပုံများဖြင့် အများပြည်သူ လေ့လာဖတ်ရှုနိုင်ရေး အသိပညာပေး ခင်းကျင်း ပြသထားကြောင်း သိရသည်။

အေဇာလင်း