နတ်မောက်မြို့နယ် ဘူတာကျေးရွာရှိ အိမ်ထောင်စု (၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း

နတ်မောက်    ဒီဇင်ဘာ   ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိတ်ဓါတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းနှင့် မေတ္တာမီး အိမ်  ပရဟိတအသင်းတို့ပူးပေါင်းပြီး  ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့ နေ့လယ် ()နာရီအချိန်ခန့်က နတ်မောက်မြို့နယ်၊ နကျားထူးကျေးရွာအုပ်စု၊ ဘူတာကျေးရွာရှိ အိမ်ထောင်စု(၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် အခြေခံလူတန်းစားအိမ်ထောင်စု (၂၀)စုအား တစ်အိမ်ထောင်လျှင် ဆန် ()ပြည်၊ ဆီ ()ပိဿာနှုန်းဖြင့် နတ်မောက်မြို့နယ် စိတ်ဓါတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

 သင်းသင်းမြတ်