မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၁) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရရှိ

မိုင်းရှူး   ဒီဇင်ဘာ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ (၁၄)ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၃၄) ဦး၊ ပေါင်း (၄၈) ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်ရောဂါပိုး မတွေ့ရှိ​ကြောင်း သိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၇) ဦး၊ ပေါင်း (၁၀) ဦး၊ လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၁၁)ဦးဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ဇူလိုင်လ ၄ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၄၇၉) ဦး၊ ဆေးရုံဆင်းသူပေါင်း (၄၅၅) ဦး၊ ကုသဆဲ (၁၂) ဦး၊ သေဆုံးသူပေါင်း (၁၂) ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ (၅) ရက်နေ့မှ ယနေ့ထိ ပိုးတွေ့ အတည်ပြုလူနာ (၁၇၁)ဦး၊ ဆေးရုံဆင်းသူ ပေါင်း(၁၅၅) ဦး၊ ကုသဆဲ(၆) ဦး၊ သေဆုံး(၁၀)ဦး၊ မိုင်းစံ တိုက်နယ်ဆေးရုံတွင် သြဂုတ်လ (၁၁)ရက်နေ့မှယနေ့ ထိပိုးတွေ့အတည်ပြုလူနာ (၆)ဦး၊ ဆေးရုံဆင်းသူ (၆) ဦး ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ (၄) ရက် နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း (၆၅၆) ဦး၊ ဆေးရုံဆင်းသူပေါင်း (၆၁၆) ဦး၊ သေဆုံးသူပေါင်း(၂၂)ဦး ရှိပြီး အတည်ပြုလူနာ(၁၈) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)